Welcome!                                           

Online AutoCAD & 3ds Max  Training School မှ ကြိုဆိုပါတယ်။

နိုင်ငံတကာမှာ AutoCAD နဲ့ 3ds Max ပညာဟာ  အသက်မွေးဝမ်းကြောင်း ပညာရပ်တစ်ခု အဖြစ် ရေပန်း စားလာတာနဲ့အညီ အခု ဆိုရင် မြန်မာလူမျိုးတွေဟာလဲ AutoCAD နဲ့ 3ds Max ပညာတွေကို ပြည်တွင်းမှာရော ပြည်ပမှာပါ ဆည်းပူး လေ့လာနေကြပြီးတော့ လုပ်ငန်းခွင် အသီးသီးမှာ ပညာရှင်တွေအဖြစ် လုပ်ငန်း တာဝန်တွေ ထမ်းဆောင်နေကြပါပြီ။

ခေတ်ရဲ့လိုအပ်ချက်အရ AutoCAD ပညာရပ်နဲ့ 3ds Max ပညာရပ်တွေကို အင်တာနက် ကွန်နက်ရှင်ကောင်းတဲ့ နေရာဒေသ နိုင်ငံမရွေးမှာ ရှိနေတဲ့ မြန်မာလူမျိုးတွေ သင်တန်းကြေး ချိုသာစွာနဲ့ လေ့လာ သင်ကြားနိုင်ဖို့ ရန်ကုန်မြို့၊ Workgroup AutoCAD & 3ds Max သင်တန်းကျောင်းကြီးက မြန်မာပြည်ရဲ့ ပထမဦးဆုံး Online  AutoCAD & 3ds Max Training School ကို စတင် ဖွင့်လှစ်လိုက်ပြီ ဖြစ်ပါတယ်။ Workgroup အနေနဲ့ ဒီ Course တွေကိုလည်း မူပိုင်ခွင့် တင်သွားပြီ ဖြစ်ပါတယ်။ Online AutoCAD & 3ds Max Training School နဲ့ ပတ်သက်ပြီး အသေးစိတ် သိလိုတာများ  ရှိရင်တော့ အမေးအဖြေ နေရာလေးက လူကြီးမင်းကို အသေးစိတ် ကူညီနိုင်မယ်လို့ မျှော်လင့်ပါတယ်။

သင်တန်းအပ်ချင်ရင်တော့ info@workgrouponline.net သို့မဟုတ် အခန်း ၄၀၃၊ စတုထ္ထထပ်၊ Excel Tower Apartment၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့သို့ ဆက်သွယ်ပြီးလည်းကောင်း ဖုန်း ၀၁ ၅၅၉၃၇၇ လိုင်းခွဲ ၆၄၀၃ သို့မဟုတ် ၆၄၁၃ ကို ဆက်သွယ်ပြီး လည်းကောင်း သင်တန်းကြေးကို ဘဏ်ကနေ လွဲငွေအဖြစ် လည်းကောင်း ပေးသွင်းပြီး သင်တန်း အပ်နှံနိုင်ပါတယ်။

Knowledge Base

မေး ။    ။AutoCAD & 3ds Max ပညာရပ်ဟာ ဘယ်လို ပညာမျိုးလဲ။

ဖြေ ။    ။ Autodesk က ထုတ်လုပ်တဲ့ AutoCAD & 3ds Max Software တွေကို လုပ်ငန်းခွင်အမျိုးမျိုးက ဒီဇိုင်းပုံစံ ထုတ်လုပ်ရေးဆွဲခြင်းတွေမှာ အလွန် အသုံးဝင်ပါတယ်။ ကလေးကစားစရာ အရုပ်တွေ ထုတ်ဖို့ ပုံစံရေးဆွဲတဲ့ နေရာတွေကအစ မိုးမျှော်အဆောက် အဦးတွေ လေယဉ်၊ သင်္ဘောတွေ ထုတ်လုပ်တဲ့ နေရာအထိ တကယ် မတည်ဆောက်ခင် ပုံစံထုတ်လုပ်တဲ့ နေရာမှာ Scale အတိအကျနဲ့ ပုံစံလေးတွေ ထုတ်လုပ်တဲ့နေရာမှာ AutoCAD & 3ds Max ပညာတွေဟာ အင်မတန် အရေးပါလှပါတယ်။

3ds Max ပညာဟာ ဆိုရင် အပြင်မှာ တကယ်မရှိတဲ့ ပုံတွေ အရုပ်တွေကို ရုပ်ရှင် ဗီဒီယိုတွေထဲမှာ အတွက် လှုပ်ရှားမှု အရုပ်တွေ အဖြစ်ဖန်တီးနိုင်နေပြီ ဖြစ်လို့ လူ့လောကကို အလှဆင်နိုင်တဲ့ ပညာရပ်တွေဘဲ ဖြစ်ပါတယ်။ ဥပမာလေး တစ်ခုပေးရရင် လုပ်ငန်းရှင် ကုမ္မဏီကြီးတစ်ခု ဆီက မြေဧက တစ်ထောင်အတွင်းမှာ အဆောက်အဦးတွေ ဆောက်လုပ်လိုနေပါတယ်။ ဒီအတွက် ကန်ထရိုက်ပေးဖို့ တင်ဒါတွေ ပုံစံတင်သွင်းမှု တွေ ခေါ်ယူတဲ့အခါ လူကြီးမင်းကသာ 3ds Max ပညာရပ်ကို တစ်ဖက်ကမ်းခတ် ကျွမ်းကျင်သူ ဖြစ်ခဲ့မယ် ဆိုရင် လူကြီးမင်းက ဒီမြေကွက် အတိုင်းအတာ အတွင်းမှာ ဘယ်နေရာမှာ ဘယ်အဆောက် အဦးတွေ ထားမယ်၊ ဘယ်နေရာမှာ ရေကူးကန်ထားမယ်၊ ဘယ်နေရာမှာ ရုပ်ရှင်ရုံထားမယ် စတာတွေကို အသေးစိတ် ရေးဆွဲပြီး အပြင်မှာ မြင်ရမယ့် ပုံအတိုင်း ဥယာဉ်ကြီး တစ်ခုကို ဖန်တီး တည်ဆောက်ပြီး အကောင်းဆုံး ပုံစံလေးနဲ့ သက်ဆိုင်ရာ လူကြီးတွေကို တင်ပြနိုင်မယ် ဆိုရင်တော့ လူကြီးမင်းရဲ့ ကန်ထရိုက်တစ်ခုဟာ သေချာပေါက် လက်လွှတ်ရတော့မှာ မဟုတ်ပါဘူး။

လေယဉ်လေး တစ်စင်း တည်ဆောက်ဖို့ ဘယ်လိုပုံဖြစ်လာမလဲ ဆိုတာကိုလည်း စိတ်ကူးနဲ့ အပြင်က ဖြစ်လာမယ့် ပုံစံကို တစ်ထပ်တည်း ကျအောင် ဖန်တီးလို့ ရတဲ့ ပညာရပ် ဖြစ်ပါတယ် ပြောရမယ် ဆိုရင်တော့ အများကြီး အများကြီးပါဘဲ။ ကိုယ်တိုင် သင်ကြည့်တဲ့ အခါပိုမိုပြီး သိလာမှာ အသေအချာပါဘဲ။ Read More F.A.Qs