Frequently Asked Questions (F.A.Qs)
မေး၊ ။ Online က သင်ပေးတာ ဆိုတော့ အင်တာနက် ကွန်နက်ရှင် ဘယ်လောက် ကောင်းဖို့ လိုပါမလဲ။
ဖြေ။ ။ အခု သင်တန်းဟာ အဝေးရောက် မြန်မာတွေရဲ့ သင်တန်း တက်လိုတဲ့အခါ မြန်မာပြည် ပြန်ပြန်လာခဲ့ကြရတဲ့ အခက်အခဲကို ဖြေရှင်းပေးနိုင်ဖို့ ဦးတည်တာ ဖြစ်ပါတယ်။ ပြည်ပ အင်တာနက် ကွန်နက်ရှင် အပေါ်မှာ ဦးတည် ထားတဲ့အတွက် အင်တာနက် အသင့်အတင့် ကောင်းမွန်ဖို့ လိုအပ်ပါတယ်။ ပြည်တွင်းက အင်တာနက် ကွန်နက်ရှင်နဲ့ဆို နည်းနည်းတော့ အခက်အခဲ ဖြစ်နိုင်ပါတယ်။ အချိန်ပိုပေးရမယ့် သဘောပါဘဲ။ နမူနာ Lesson လေးကို ကြည့်လိုက်တာ အကောင်းဆုံး ပါဘဲ။
မေး။ ။ သင်တန်းက အင်တာနက်မှာ ဘယ်အချိန်တွေ သင်ယူလို့ ရပါ့မလဲ။
ဖြေ။ ။ အချိန်မရွေး ၂၄ နာရီလုံး သင်လို့ရပါတယ်။ သင်တန်းကာလက တစ်လခွဲ ကြာမြင့်မှာ ဖြစ်ပါတယ်။ တစ်လခွဲအတွင်းမှာ ၂၄ နာရီအတွင်း ကြိုက်သလောက် သင်ယူလေ့လာနိုင်ပါတယ်။
မေး။ ။ အင်တာနက်က သင်ပေးတာနဲ့ အပြင်မှာ သင်တာ ဘယ်လိုကွာဟ ချက်တွေ ရှိမလဲ။
ဖြေ။ ။ အင်တာနက်က သင်ပေးတာက သင်တန်းချိန်ဆိုတာ ၂၄ နာရီလုံး ရှိနေတဲ့အတွက် လေ့လာနိုင်သလော လေ့လာလို့ရပါတယ်။ အပြင်မှာတော့ သင်တန်းချိန် အတွင်းသာ လေ့လာနိုင်ပါတယ်။ Online မှာက ဘေးမှာ ဆရာရှိနေတာ မဟုတ်ဘဲ ဘေးမှာ ဆရာတစ်ယောက် ရှိနေပြီး ကိုယ့်ကို လာသင်ပေးနေသလို သင်ပေးတာ ဖြစ်ပါတယ်။ ဒီအတွက် နှစ်သင်တန်း နှစ်ခုစလုံးမှာ အားသာချက် အားနည်းချက်တွေ ရှိနေကြတာပါဘဲ။
မေး။ ။ တကယ်ရော တတ်ပါ့မလား။
ဖြေ။ ။ သင်တန်းသားကသာ စိတ်ပါဝင်စားပြီး သေချာကြိုးစားလိုက်ရင် သေချာပေါက်တတ်ပါတယ်။ တတ်ယုံတင် မကပါဘူး။ မကြာခင် အချိန် အတွင်း ဒီက သင်ပေးလိုက်တဲ့ Project လိုမျိုး စိတ်ကြိုက် Project တွေကို ကိုယ်တိုင် ဖန်တီးနိုင်မှာ သေချာပါတယ်။ ဒီအတွက်တော့ သေချာ ယုံကြည်ထားလိုက် စေချင်ပါတယ်။ သင့်ဖက်က အချိန်ပေးနိုင်မှုနဲ့ စိတ်ဝင်စားမှုသာ ရှိပါစေ။
မေး။ ။သင်တန်းအပ်ချင်တယ် ဘယ်လို အပ်ရမလဲ။
ဖြေ။ ။ ဟုတ်ကဲ့ သင်တန်း အပ်ချင်တယ် ဆိုရင် ကျွန်တော်တို့ လောလောဆယ် ရန်ကုန်က တဆင့်ဘဲ အပ်တာ လက်ခံပါသေးတယ်။ နိုင်ငံခြားက မြန်မာတွေ အနေနဲ့ ပြည်တွင်းက မိမိအိမ်ကို Workgroup ရဲ့ ဘဏ် Account ထဲကို ငွေသွင်းခိုင်းလိုက်လည်း ရသလို ရန်ကုန်မြို့၊ Excel Tower လေးထပ် အခန်း ၄၀၃ မှာ ရှိတဲ့ Workgroup Online AutoCAD & 3ds Max Training Center ကိုလည်း လူကိုယ်တိုင် လာရောက် အပ်နှုံ နိုင်ပါတယ်။ ကျောင်းလာ အပ်တာနဲ့ သင်တန်း သင်ရမယ့် User Name နဲ့ Password ကို တစ်ခါတည်း ထုတ်ပေးလိုက်မှာဖြစ်ပြီး လူကြီးမင်းက ဒီ Account နဲ့ တစ်လခွဲကြာ Online မှာ သင်ကြားသွားနိုင်မှာ ဖြစ်ပါတယ်။ သင်တန်းကြေးအနေနဲ့ ဘာသာ တစ်ခုချင်းကို ကျပ်ငါးသောင်း သပ်မှတ်ထားပါတယ်။ အခုလက်ရှိ AutoCAD 2D နဲ့ 3D နှစ်မျိုးစလုံး သင်နိုင်ပါတယ်။ 3ds Max ကိုတော့ မကြာမီ အချိန်အတွင်းသင်နိုင်ဖို့ စီစဉ်ပေး နေပါတယ်။
မေး။ ။ သင်တန်းပြီးရင် Certificate ကို ဘယ်လို ပေးမလဲ။
ဖြေ။ ။ သင်တန်းပြီးရင် သက်ဆိုင်ရာ ဘာသာရပ်အလိုက် Certificate တွေ ထုတ်ပေးမှာ ဖြစ်ပါတယ်။ သင်တန်းပြီးဆုံးအောင် မတက်ခဲ့သူတွေ ရှိခဲ့ရင်တော့ ထုတ်ပေးမှာ မဟုတ်ပါဘူး။ Certificate ကို စာတိုက်ကနေ ပို့ပေးမယ့် အစီအစဉ်တွေလဲ ရှိနေပါတယ်။ အကောင်းဆုံး အစီအစဉ် တစ်ခု အနေနဲ့ Registration Lookup ဆိုတဲ့ နေရာကနေ မိမိရဲ့ Certificate ကို ID ရိုက်ထည့်ပြီး Check နိုင်တာပါဘဲ။
မေ။ ။ Online ကနေ နိုင်ငံတကာ Certificate ရော ရယူနိုင်ပါသလား။
ဖြေ။ ။ လောလောဆယ် ICDL CAD ခေါ်တဲ့ International Computer Driving License Certificate ရဖို့အတွက် ရန်ကုန်မြို့က Workgroup သင်တန်း ခမ်းမမှာ လာဖြေလို့ရပါတယ်။ Online ကနေတော့ လောလောဆယ် ဖြေလို့ မရနိုင်သေးပါဘူး။ ဒါပေမယ့် ဖြေဆို ရယူနိုင်ဖို့ အတွက် ICDL က တာဝန်ရှိသူတွေနဲ့ ညှို့နှိုင်းဆောင်ရွက် ပေးသွားဖို့ အစီအစဉ်တွေတော့ ရှိနေပါတယ်။
မေး။ ။ ဒီက Course တွေကို Copy Right မှတ်ပုံတင်ထားတယ်လို့ သိရပါတယ်။ ဘယ်လိုကြောင့်လဲ။
ဖြေ။ ။ ဒါကတော့ ကျွန်တော်တို့ သင်တန်းက Course တွေကို အလွဲသုံးစား မလုပ်စေရေး အတွက် ဖြစ်ပါတယ်။ အဓိကတော့ ကျွန်တော်တို့ သင်တန်းက Workgroup Logo ကို Copyright အနေနဲ့ Registered လုပ်ထားတာပါ။ ဒီ Logo ပါတဲ့ ပစ္စည်းတွေကို တစ်နည်းနည်းနဲ့ အလွဲသုံးစား လုပ်ခဲ့မယ် ဆိုရင်တော့ ပြည်တွင်းက Copyright ခေါ် တစ်ဦးတည်း မူပိုင်ခွင့် ဥပဒေနဲ့ တရားစွဲဆို သွားနိုင်ဖို့ အတွက် ရည်ရွယ်ထားတာ ဖြစ်ပါတယ်။ ဒါကလည်း Online Learning တွေ ပိုမိုတိုးတက်လာရေး အတွက် သင်တန်းကျောင်းရဲ့ အကျိုးအတွက် ကာကွယ်ထားတာပါ။
မေး။ ။သင်ကြားမယ့် ပုံစံက ဘယ်လိုပုံစံမျိုး ဖြစ်မလဲ။
ဖြေ။ ။ နမူနာ သင်ကြားရေးပုံစံ ကိုတင်ထားပါတယ်။ အဲဒီကနေ သင်ခန်းစာ တစ်ခုကို ဖွင့်ကြည့်ရင်တော့ သိနိုင်မယ် ထင်ပါတယ်။ တကယ့် သင်တန်းမှာတော့ အထောက်အကူပြု Features တွေ မှတ်စု အများကြီး ထုတ်ပေးသွားမှာ ဖြစ်ပြီး အခု နမူနာပုံစံလေးက သင်တန်းက သင်ပေးတဲ့ နမူနာ အမြည်း ပုံစံလေး တစ်ခုသာ ဖြစ်ပါတယ်။ တကယ့် သင်တန်းမှာတော့ ဒါထက် အများကြီး ပိုမိုပြည့်စုံပါတယ်။
မေး။ ။သင်တန်းကြေးက တစ်ဘာသာကို ကျပ်ငါးသောင်း ဆိုတော့ ဈေးမများဘူးလား။
ဖြေ။ ။ နမူနာ သင်ခန်းစာက နမူနာ သင်ခန်းစာလိုမျိုး သင်ခန်းစာပေါင်း ငါးဆယ်ကျော် ရှိပါတယ်။ သင်ခန်းစာ တစ်ခုကို မြန်မာငွေ ကျပ် တစ်ထောင် (နိုင်ငံခြားငွေ ၈၀ ဆင့်) လောက်ကတော့ ဘယ်လိုဘဲဖြစ်ဖြစ် တန်ပါတယ်။ ကျွန်တော်တို့ အချိန်တွေ ငွေတွေ အများကြီး ရင်းပြီးလုပ်ပေးထားတာပါ။ ပြီးတော့ ဒီဘာသာရပ်နဲ့ တစ်ခါထဲ တန်းပြီး လုပ်ငန်းခွင့် ၀င်နိုင်သည်အထိ သင်ပေးထားတာ ဖြစ်ပါတယ်။ ပြည်ပမှာ တစ်နာရီကိုတောင် ဒေါ်လာ သုံးလေးရာလောက် ကျတဲ့ ဘာသာရပ်ပါ အရမ်းဈေးချိုတယ်လို့ ပြောလို့ရပါတယ်။

